**ဟုတ်လို့လားလို့မေးလာတဲ့...အဆိုတော်*ဆိုတေး*နဲ့အင်တာဗျူး**

            

               ခုဆုဂျေတင်ပြမယ့်...အဆိုတော်လေးကတော့...အသံချိုချိုလေးနဲ့သီချင်းအေးအေးလေးတွေကို..

ဆွဲဆွဲငင်ငင်လေးဆိုတတ်တဲ့..နာမည်ဆန်းဆန်းလေး...ပုံလန်းလန်းလေးနဲ့အဆိုတော်..

*ဆိုတေး*ပဲဖြစ်ပါတယ်ရှင်...။စကားပြောကြည့်တဲ့ထဲမှာမှ...သူရဲ့ဂီတအပေါ်ရုးသွပ်မှု..

ပရိသတ်အပေါ်ထားတဲ့စေတနာ..စိတ်ထားဖြူစင်ပြီးဖော်ရွေတတ်တဲ့စိတ်လေးကို...

မီးအိမ်လေးထွန်းပြသလိုတွေ့ခဲ့ရတယ်ဆိုတာ...၀န်ခံချင်ပါတယ်ရှင်...။ကဲ..သူနဲ့ဆုဂျေဗျူးထား

တာလေးတွေကို...ရှုစားရအောင်နော်..။


 

**အကို..ပထမဆုံး..*ဆိုတေး*ဆိုတဲ့နာမည်လေးပေးဖြစ်သွားပုံလေးပြောပြပါဦး။

***ဟုတ်ကဲ့ပါညီမ။တေးဆိုကို...ပြောင်းပြန်လှန်ပြီး...*ဆိုတေး*လို့ပေးဖြစ်သွားတာပါဗျာ။

 

**စီးရီးtitle ကို..မီးအိမ်ရှင်လို့ဘာလို့ေ၇ွးဖြစ်သွားတာလဲအကို..

***ဒီသီချင်းလေးက...အကိုပထမဆုံးရေးတဲ့သီချင်းလေးမို့...အမှတ်တရအနေနဲ့..တင်လိုက်တာပါနော်..။

 

**ခုချိန်မှာလေ..နေရာတော်တော်များများမှာ...အကို့သီချင်းလေးတွေတော်တော်ကြားနေရပြီနော်..

ဒီအတွက်အကိုဘယ်လိုခံစားရပါသလဲရှင်..။

***အရမ်းပျော်ပါတယ်ဗျာ.။ဒီ့ထက်ပိုပြီးကြိုးစားချင်စိတ်လည်းပေါက်လာပါတယ်...ပရိတ်သတ်ကြီးကိုလည်း

ကျေးဇူးတင်ပါတယ်ဗျာ။

 

**ခုခွေလေးကို..အကိုဘယ်လောက်အချိန်ပေးခဲ့ရလဲ..။

***ရေးတာခြောက်လ..ဆိုတာခြောက်လလောက်ဆိုတော့..စုစုပေါင်းတစ်နှစ်ပေါ့ညီမလေး။

 

**အကိုကိုယ်တိုင်ရောဒီခွေလေးကိုအားရကျေနပ်ပါသလား..။

**ဟုတ်ကဲ့..ရှိပါတယ်ညီမ..သေသေချာချာလေးကြိုးစားခဲ့တဲ့ခွေလေးအရာထင်လို့လည်းပျော်မိပါတယ်ညီမ.။

 

**ခုလိုအောင်မြင်လာအောင်..အခက်အခဲတွေလည်းတော်တော်ရင်းခဲ့ရမှာနော်..။

***မှန်တာပေါ့ညီမလေးရယ်.။

 

**အဲလိုအခက်အခဲတွေ့တော့အကိုဘယ်လိုစိတ်နဲ့ဖြတ်ကျော်ခဲ့လဲ..။

***အနုပညာကိုရူးသွပ်တဲ့စိတ်..အမြဲရှင်သန်ချင်တဲ့စိတ်နဲ့ပဲဆက်လျောက်ခဲ့တာပါညီမလေး..။

 

**အကို့ခွေလေးကသီချင်းအေးအေးလေးတွေများတယ်နော်..အကိုကိုယ်တိုင်ကသီချင်းအေးတာလေးခိုက်လို့လား.

***ဟုတ်တယ်ညီမလေး။ကျွန်တော်ကသီချင်းအေးအေးလေးတွေကြိုက်တယ်လေ.။

 

**ဟုတ်လား..ဒါဆိုအကိုကအေးအေးဆေးဆေးနေတတ်တယ်ထင်တယ်နော်..

***ဟားဟားဟား..ဟုတ်တာပေါ့ဗျာ..ဆိုတေးက...လူရိုးလူအေးလေးပါဗျာ။(ကြော်ငြာဝင်တာ)

 

**အကို့ခွေလေးမှာ..ကိုဟဲလေးတို့..ကိုဒီယံတို့လည်းဆိုထားတယ်နော်...သူတို့ဘယ်လိုပါလာဖြစ်တာလဲအကို။

***အော်...ကိုဟဲတို့နဲ့ကခင်တယ်လေ....ဒီလိုနဲ့အကို့ခွေလေးလုပ်တော့သူတို့ကူတာပါ..။

 

**ဒီခွေလေးမှာအကိုအကြိုက်ဆုံးသီချင်းလေးက..

***ဟုတ်လို့လား*သီချင်းလေးကိုအကိုအကြိုက်ဆုံးပဲ..။

 

**အယ်..ဘာလို့တူနေတာလဲအကို...ညီမလည်းတော်တော်ခိုက်တာ..နေ့တိုင်းညည်းဖြစ်နေတယ်..

***ဟားဟား..ဟုတ်လား...ညီမလေးကခံစားချက်ရှိတယ်ထင်တယ်..။

 

**ဟုတ်ပါဘူးနော်..စာသားလေးရောသံစဉ်ရောကြိုက်တာလေ..

***ဟုတ်ကဲ့...ကျေးဇူးပါဗျာ.။

 

**ဖက်တီးမ*ဆိုတဲ့သီချင်းလေးဆိုဖြစ်သွားပုံလေးပြောပြပါဦးအကို.။

***(ရယ်လျက်)ဒါလေးကတော့ခုခေတ်စားနေတာလေးကိုကျီစားတဲ့သဘောလေးဆိုလိုက်တာပါ...

အိမ်မှာကိုယ့်ရှေ့မှာတွေ့နေတာလေးတွေကို...ကျီးစားလိုက်တာပါ...အပျော်လေးပေါ့..။

 

**ဒီလိုဆို..မမ၀၀တွေစိတ်ကောက်မှာကြောက်ဘူးပေါ့..။

***ဟားဟား။ကျီးစားတာပါဆိုနေမှ...စိတ်ကောက်ရဘူးနော်..။

 

**နင်လိမ်လည်းငါချစ်တယ်ဆိုတဲ့သီချင်းလေးထဲကလို..အကို့ကိုလိမ်နေတဲ့ကောင်မလေးတစ်ယောက်ကို

အကိုချစ်နိုင်လားဟင်..။

***အကိုကိုယ်တိုင်အလိမ်ခံရဖူးတဲ့...ခံစားချက်စစ်စစ်လေးပါခင်ဗျာ။

 

**VCD ရောဘယ်တော့လောက်ထွက်မလဲအကို..

***ဒီဇင်ဘာလကုန်လောက်မှန်းထားတယ်ညီမ။

 

**အကိုကိုယ်တိုင်ရောဘယ်နှစ်ပုဒ်လောက်သရုပ်ဆောင်ထားလဲဟင်။

***သုံးလေးပုဒ်ပေါ့ညီမလေး။

 

**အကုန်လုံးတော့သရုပ်မဆောင်ဘူး..။

***ဟားဟား..ရူပါကအဲလောက်မဖြူးဘူးလေးဗျာ။

 

**ဘယ်တူရီယာကိုအကိုကောင်းကောင်းတီးတတ်လဲ..

***ဂစ်တာပါဗျာ.။

 

**သီချင်းရေးရင်လည်းဂစ်တာတီးရေးတာလားအကို

***ဟုတ်ပါတယ်ညီမလေး။

 

**ဒီခွေလေးကိုလေးဇီးနဲ့တီးဖြစ်သွားပုံလေး

***အကို့သီချင်းလေးတွေနဲ့လည်းလိုက်မယ်ထင်တာရယ်..နောက်ပြီး..ကိုနိင်ဇော်တို့နဲ့ကလည်းတော်တော်

ခင်တယ်လေ..။

 

**အကိုအားကျတဲ့အဆိုတော်တွေရှိရင်လည်းပြောပါဦး။

***တော်တော်များတယ်ညီမရ..။

 

**ခုချိန်မှာအကိုရနေတဲ့အောင်မြင်မှုနဲ့..မှန်းထားတာနဲ့တစ်ထပ်တည်းကျနေပြီလား..။

***ဟုတ်...နီးတော့နီးလာပါပြီ...လိုတော့လိုပါသေးတယ်ဗျာ.။

 

**ဒါဆိုအကို့စိတ်ထဲမှာရှိတဲ့အိပ်မက်လေးက

***ပရိသတ်တွေဒီထက်မကချစ်တာကိုခံချင်တယ်...ဒီ့ထက်ပိုအောင်မြင်ချင်ပါတယ်..။

 

**ရှိုးအတွေ့အကြုံရောရှိပြီလားအကို..အမှတ်တရလေးပြောပြပါဦး။

***ဟုတ်ညီမရှိတယ်..နှစ်ပွဲလေ...ဒူးတုန်နေတာကတော့အမှတ်တရပေါ့ဗျာ..(ရယ်လျက်)

 

**ကိုဒီမိုနဲ့တွဲဆိုထားတဲ့...*နင်ပျော်မယ်ဆို**သီချင်းလေးလည်းတော်တော်ကောင်းတယ်နော်အကို..

***ဟုတ်တယ်ညီမ...သူရေးတာလေ...အကိုလည်ကြိုက်ပါတယ်..။

 

**တွဲဆိုဖြစ်တာကသူနဲ့ခင်လို့လား...အကူအညီပေးတဲ့သဘောလားအကို..

***ခင်လည်းခင်တယ်..သူမှရယ်မဟုတ်ပါဘူး..ဘယ်သူပဲဖြစ်ဖြစ်အကိုဆိုပေးမှာပါ...စိတ်ကျေနပ်စေချင်တယ်လေ။.

 

**ခုလိုအချိန်တိုတိုနဲအောင်မြင်လာတာကရောအကိုဘာကြောင့်လို့ထင်လဲ..

***အဓိကကတော့ညီမလေးရယ်...ဘုရားတရားကျေးဇူး..မိဘကျေးဇူး...နောက်ပြီး..ပရိတ်သတ်ကြီးကျေးဇူး

ကြောင့်ပေါ့လေ..။

 

**အဆိုတော်တစ်ယောက်အနေနဲ့အကိုဘာတွေထိန်းလဲ..

**အသံတော့မပျက်အောင်ထိန်းတယ်ညီမလေး..အကို့အသံလေးကိုတော်တောချစ်တယ်...နောက်ပြီး...

ဘယ်သူ့အပေါ်မှ.မတရားတာမလုပ်မိအောင်...ကိုယ်ကျင့်တရားကောင်းအောင်ထိန်းတယ်ညီမလေး။

 

**ကောင်းတာပေါ့အကို...ဒီလိုဆိုအောင်မြင်မှုဒဏ်ကိုခံနိုင်အောင်အကိုဘယ်လိုပြင်ဆင်ထားလဲဟင်

***အကိုကတော့ဘယ်အခြေနေပဲရောက်ရောက်ဒီလိုပါပဲ..ဘယ်လိုမှမပြောင်းလဲတဲ့အတွက်...သာမာန်လေးပဲ

ဖြတ်ကျော်သွားမှာပါ..ပရိတ်သတ်ကြီးကိုလည်းမိသားစုလိုသဘောထားပါတယ်ညီမ.။

 

**ဟုတ်အကိုကျေးဇူးနော်..ဒုတိယခွေရောစနေပြီလား..

***သီချင်းတွေတော့ရေးနေတယ်ညီမ...VCDပြီးမှပဲ...တစ်နှစ်လောက်နေမှထွက်မလားလို့လေ..။

 

**တေးရေးကရော..*မီးအိမ်ရှင်*မှာလိုအကိုတစ်ယောက်တည်းလား။

***အကိုရေးတာလည်းပါမယ်..နောက်ပြီး..ကိုယ်ကြိုက်တဲ့တေးရေးတွေလည်းပါမယ်ညီမ။

 

**တစ်ခြားအဆိုတော်တွေလိုရောအကိုနိုင်ငံခြားထွက်ဖို့ရှိလားဟင်..

***လုံးဝမရှိပါဘူးဗျာ..အသက်ထက်ဆုံးမြန်မာပြည်မှာနေမှာပါ။

 

**ပျော်စရာကြီးပေါ့...ဒီလိုဆိုဘယ်ချိန်ထိအကိုသီချင်းတွေဆိုနေမလဲ

***မသေမချင်းပေါ့ညီမလေးရာ။

 

**လူငယ်တစ်ယောက်ဖြစ်တဲ့အကိုက..ဘယ်လိုစတိုင်လ်လေးတွေသဘောကျလဲ

***Alter စတိုင်လ်လေးတွေကြိုက်တယ်ညီမ...Free Style လေးတွေပေါ့နော်.။

 

**စာအုပ်တစ်အုပ်ထဲမှာညီမဖတ်ဖူးတာမေးမယ်နော်..အနုပညာရှင်တွေကဇီဇာကြောင်တယ်ပြောတယ်..

အကိုရာဘယ်လိုဇီဇာကြောင်တတ်လဲ..

***ဟားဟား..အကိုမကြောင်တတ်ပါဘူးညီမလေးရာ...ဘုရားဟောလမ်းစဉ်အတိုင်းပဲ

နေတတ်ပါတယ်ဗျာ။

 

**အကို့ရဲ့..Biography လေးလည်းသိပါရစေနော်..

***အော်..ဟုတ်ကဲ့...မိဘတွေက..ဦးတင်မြင့်နဲ့..ဒေါ်အေးအေးဖြူပါ...မွေးချင်းလေးယောက်မှာအကိုက

အငယ်ဆုံးပါ..နာမည်အရင်းက..အောင်သက်ပိုင်ပါ...ကျောင်းတက်နေဆဲပါညီမလေး.။

 

**ဟုတ်ကဲ့ပါအကို..အကို့ကိုဆက်သွယ်လို့ရမယ့်လိပ်စာလေးတစ်ချက်လောက်..

***အမှတ်(၂၆)..မဟာဗန္ဓုလလမ်း..မြောက်ဒဂုံပါညီမ..။

 

**အကို့ဘ၀ရဲ့မီးအိမ်ရှင်လေးရောတွေ့နေပြီလားအကို..

***ဟားဟား..မီးအိမ်ရှင်ကတော့တစ်ရပ်ကွက်လုံးပဲလေ...မီးအိမ်ရှိရင်မီးအိမ်ရှင်လေ...ဟားဟား

စတာနော်...ဖူးစာရှင်ဆိုရင်တော့မမွေးသေးဘူးထင်တယ်ဗျ..မိုးပေါ်မှာထင်တယ်နော်..။

 

**အကို့ကိုအားပေးတဲ့ပရိတ်သတ်ကြီးကိုလည်းစကားလက်ဆောင်လေးပါးပါဦး။

***ပရိတ်သတ်ကြီးကိုအရမ်းတန်ဘိုးထားပါတယ်ဗျာ..အရမ်းလည်းချစ်ပါတယ်ဗျာ.။ဝေဖန်စရာရှိရင်လည်း

ပွင့်ပွင့်လင်းလင်းဝေဖန်ပေးပါလို့..ကျွန်တော်ကြိုးစားနေပါ့မယ်လို့...ပြောချင်ပါတယ်ဗျာ။

 

**ဟုတ်ကဲ့ပါအကို..ခုလိုစိတ်ရှည်ရှည်နဲ့မေးတာလေးတွေဖြေပေးလို့ကျေးဇူးပါနော်..

***အကိုကလည်းညီမလေးကိုကျေးဇူးတင်ပါတယ်ဗျာ။

 

http://api.ning.com/files/e7auSZ*DyP407JMndGT-RBsIXmN1Hw7u2nczr19RJ...

_

 

**ကျေးဇူးတင်လွှာ..**

***အင်တာဗျူးဖြစ်မြောက်စေရန်အတွက်...

မေးသမျှကိုမညည်းမညူဖြေပေးပါသောအကို...ဆိုတေး

**အကိုနဲ့ဆက်သွယ်ပေးခဲ့ပါသောအဆိုတော်သစ်လေး..Demojacktoo

**သီချင်းအားလုံးကိုဖလက်လုပ်ပေးပါသော..မောင်လေး..မွန်လေး(ဖူးစာရှင်လေး)

**လိုဂိုဒီဇိုင်းကိုဂျီကျသမျှဆွဲပေးပါသောကိုဖြိုး(ဖူးစာရှင်လေး)နှင့်

**ဖတ်ရှုသူသူငယ်ချင်းအပေါင်းအားကျေးဇူးတင်ပါကြောင်းမှတ်တမ်းတင်ပါတယ်ရှင်..။

                                                                                                                       မေတ္တာဖြင့်

                                                                                                                           ဆုဂျေ

Views: 9101 //

အမျိုးအစား: **အင်တာဗျူး**

Comment

You need to be a member of ♪♪ဖူးစာရှင်လေး♪♪ to add comments!

♪♪ဖူးစာရှင်လေး♪♪သို့အဖွဲ့ဝင်မယ်

Comment by Myat Min Thu ဗုဒ္ဓဟူးနေ့ တုန်းက

ကိုဆိုတေးရဲ့သီချင်းတွေကိုကြိုက်တယ်ဗျာ အဝေးရောက်ချစ်သူ သီချင်းလိုပဲ တိုက်ဆိုင်တယ်ဗျာ

Comment by စိုးအောင်ကျော် on ဇန်န၀ါရီလ 4, 2013 at 5:01pm
Comment by မြင့်မြတ်ဇော် on ဇန်န၀ါရီလ 3, 2013 at 8:11pm

ကိုဆိုတေးရဲသီချင်းတွေအားလုံးကိုကြိုက်ပါတယ်..ကိုဆိုတေး၇ဲသိချင်းတွေထဲးမှာ(အဝေးေ၇ာက်ချစ်သူကို)အကြိုက်ဆုံးပါနော်..........

Comment by ဖြိုးအိ on ဒီဇင်ဘာလ 25, 2012 at 8:45pm

ထိုင်းမှမိုးရေထဲမှဆိုပေးသွားပေးတယ်နော်

ကိုဆိုတေးဖျားသွားသေးလာဖြိုးလဲဖျားသွားသေးတယ်

ကိုဆိုတေးနောက်တစ်ခေါက်ပြန်ပါအုံးလာထိုင်ကိုမျှော်နေတာပါ

လာမယ်ဆိုလဲ  ဒီဇင်လာလမှလာနော်

နောက်ဆိုမိုမိနေမယ်

                       ထိုင်းနိုင်ငံရောက်ကောင်းမလေး

Comment by zaychit on နိုဝင်ဘာလ 10, 2012 at 7:29pm
သီချင်းအကုန်လုံးကိုကြိုက်ပါတယ်။
Comment by youngboy on အောက်တိုဘာလ 13, 2012 at 1:55pm

အင်း ကောင်းပါတယ် သီချင်းလေးတွေက အေးလို့ အရမ်းကြိုက်ပါတယ်

အဲအခွေထဲက သီချင်းအကုန်လုံးကိုကြိုက်ပါတယ်

Comment by kaykay on စက်တင်ဘာလ 12, 2012 at 12:21pm
ယူကမဟုတ်တဲ့ကားထွက်တယ်ဆို ဒါကြောင့် ဒို့ မော်လမြိုင်က ပ၇ိတ်သတ်တွေကယူ့ကို မကြိုက်ကြတော့ဘူး မဟုတ်ဖူးဆို၇င် ၇ှင်းလင်းပွဲလေးလုပ်စေချင်ပါတယ် ယူပြောချင်တာ၇ှီ၇င် ဒို့အကောင့်ကိုအပ်လိုက်နော် gtalkqueen.999@gmail.com
Comment by ကောင်းမြတ် on သြဂုတ်လ 31, 2012 at 2:13pm

အကိုဆိုတေးကျွှန်တော့အကောင့်လေးကိုလက်ခံပေးပါkaungwer

Comment by ဆူးကာရံ ချစ်သောGTalkလေး on သြဂုတ်လ 21, 2012 at 10:12am
Comment by suwaihtun on ဇူလိုင်လ 27, 2012 at 3:00pm

ကြိုက်ပါတရ်နောက်လဲများများတင်ပေးပါ

ilFlag Counter

လမ်းညွန်
Gtalk & Gmail
Android
Photoshop
Flash သီချင်းများ

Photos

Loading…
  • Add Photos
  • View All

သတင်း

နောက်ဆုံးလုပ်ဆောင်ချက်

သန္တာအေး left a comment for ♫ツMr.Ѵαℓɛитιиɛツ♫
2 minutes ago

♥ Admin ♥
သူသူ favorited ကိုမင်းမင်း's blog post မွတ်စလင်တွေ စားသောက်နေတဲ့ မွတ်စလင်မဟုတ်တဲ့ စားသောက်ဆိုင် အများကြီးပါ
4 minutes ago
Profile Iconူlawka969@gmail.com, tuntun, ပြည့်စုံ and 17 more joined ♪♪ဖူးစာရှင်လေး♪♪
4 minutes ago
မိုးအောင် updated their profile
4 minutes ago

♥ Admin ♥
သူသူ commented on ကိုမင်းမင်း's blog post မွတ်စလင်တွေ စားသောက်နေတဲ့ မွတ်စလင်မဟုတ်တဲ့ စားသောက်ဆိုင် အများကြီးပါ
4 minutes ago
သဲမောင် left a comment for eipyaemonkyaw
7 minutes ago
eipyaemonkyaw commented on ♫♪အလွမ်းဆွေးသမားလေးblueskyyeye♪♫'s video
7 minutes ago
moe rain star left a comment for မေဖူးသွယ်
9 minutes ago
မင်းလူ left a comment for အိဖြိုး
9 minutes ago
မင်းလူ left a comment for eipyaemonkyaw
10 minutes ago
ကျော်မင်းထိုက် posted a group
13 minutes ago
♫ツMr.Ѵαℓɛитιиɛツ♫ left a comment for Alluring p@E
18 minutes ago
Related Posts Plugin for 

WordPress, Blogger...